My Entry For Around The World - Challenge #35/6 🌎

in Ecency8 days ago (edited)

Hello everyone, have a nice day.


အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။



Evening twilight is everywhere. Every twilight has its own beauty. But in my mind, the evening twilight of Sagaing Irrawaddy is full of beauty. The day is about to end, and the sound of the flowing water in the winter twilight of Sagaing Irrawaddy invites people. The long, wide Irrawaddy River is like a needle of gold. The entire western sky is filled with a nostalgic combination of orange, pink, and purple that even the best paintings in the world cannot match. Every now and then, a fishing boat passes by, and the waves break into many golden stripes. The sound of the waves as the boat passes is also a delight.

The sunflowers planted along the riverbank cast their long shadows on the ground as the sun faded.

From the other side, the view of the old city of Innwa appeared like a blurred painting. The spires of the ancient pagodas were damaged by the earthquake but could not be repaired. But they still shone brightly, absorbing the sunlight.

Along with the breeze, the cool scent of the reeds and grasses on the riverbank mixed with the natural aroma of the mud and wetlands.

The sun seemed to be descending rapidly into the Irrawaddy River in the west. The sky was gradually darkening and the first stars were twinkling. The Irrawaddy River had swallowed the last light of the day and was preparing for a peaceful night.

The sunset on the Irrawaddy River in Sagaing is not only a delightful beauty but also a nostalgic moment that reminds us of times gone by. How many centuries, how many stories, how many golden sunsets have passed by this riverbank? I wonder if the dragons of legend are still watching, or the kings of history are still listening.

This moment is a combination of the majestic calm of the Irrawaddy River, the rainbow reflections of the Irrawaddy, and the gentleness of the nostalgic sunset. The eternal Irrawaddy shows its beauty every day, but every sunset still creates a new and unique song of nostalgia.

The Sagaing Bridge, which collapsed in the earthquake, is still being repaired. This scene was ugly at sunset on the Irrawaddy.








ညနေဆည်းဆာဆိုတာ နေရာတိုင်းမှာရှိနေတတ်မြဲဖြစ်ပါတယ်။ ဆည်းဆာအချိန်တိုင်းကလည်း သူ့အလှနဲ့သူရှိကြတာပါပဲ။ ဒါပေမယ့် ကျွန်တော့စိတ်ထဲမှာကတော့ စစ်ကိုင်း ဧရာဝတီရဲ့ ညနေဆည်ူဆာချိန်က အလှတွေနဲ့ပြည့်နေတယ်လို့ ထင်မိပါတယ်။ တနေ့တာကုန်ဆုံးတော့မယ် ညနေဆည်းဆာအချိန်မှ စစ်ကိုင်း ဧရာဝတီရဲ့ ဆောင်းရာသီ ဆည်းဆာချိန်မှာ ငြိမ့်ငြိမ့်ညောင်းညောင်းစီးဆင်းနေတဲ့ ရေစီးသံက လူတွေကိုဖိတ်ခေါ်နေတယ်။ ရှည်လျားလှတဲ့ ဧရာဝတီမြစ်ပြင်ကြီးကလည်း ရွှေရောင်အပ်များနဲ့ချုပ်လုပ်နေသလိုပါပဲ။ အနောက်ဖက်ကောင်းကင်ယံတခွင်လုံးမှာလည်း လိမ္မော်ရောင်၊ ပန်းရောင်၊ ခရမ်းရောင်တွေနဲ့ လွမ်းဆွတ်စရာ ပေါင်းစပ်မှုကို ကမ္ဘာ့အကောင်းဆုံးပန်းချီပင် ယှဉ်နိုင်လိမ့်မည်မထင်ပါ။ တခါတရံ ငါးဖမ်းစက်တပ်လှေတစ်စီး ဖြတ်သွားတိုင်း ရေလှိုင်းကလေးများက ရွှေရောင်အစင်းများစွာအဖြစ် ဖြာထွက်သွားတတ်ကြပါတယ်။ စက်လှေဖြတ်သွားလို့ ဖြစ်ပေါ်လာတဲ့ ရေလှိုင်းသံကလည်း ကြည်နူးစရာတစ်ခုဖြစ်နေခဲ့ပါတယ်။

မြစ်ကမ်းဘေးတစ်လျှောက် စိုက်ထားသော နေကြာပန်းပင်များက နေခြည်နွမ်းလာသည်နှင့်အမျှ သူတို့၏ အရိပ်ရင့်များကို မြေပြင်ပေါ်သို့ ရှည်လျားစွာ ဆွဲခွာထားကြသည်။

ကမ်းတစ်ဖက်မှ အင်းဝမြို့ဟောင်း၏ မြင်ကွင်းများက မှုန်ဝါးဝါးဖြင့် ပုံဖော်ထားသော ပန်းချီကားတစ်ချပ်လို ပေါ်နေသည်။ ရှေးဟောင်းစေတီကြီးများ၏ ထီးတော်များမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးယိုယွင်းနေပေမယ့် မပြုပြင်နိုင်ကြသေးပါ။ ဒါပေမယ့် နေရောင်ခြည်ကို စုပ်ယူကာ တောက်ပနေကြသေးသည်။

လေညင်းနှင့်အတူ မြစ်ကမ်းဘေးမှ ကျူပင်၊ မြက်ခင်းများ၏ အေးမြသောရနံ့၊ ရွှံ့နှစ်နှင့် ရေစိုမြေများ၏ သဘာဝအနံ့တို့ ရောထွေးလာသည်။

နေမင်းသည် အနောက်ဖက်အရပ်တွင် ဧရာဝတီမြစ်အတွင်းသို့ လျင်မြန်စွာဆင်းသက်သွားသလိုခံစားရပါတယ်။ ကောင်းကင်ယံက တစ်စတစ်စ မှောင်မိုက်လာပြီး ပထမဆုံးကြယ်ကလေးများ မျက်တောင်ခတ်လာကြသည်။ ဧရာဝတီမြစ်ကြီးက နေ့၏နောက်ဆုံးအလင်းရောင်ကို မျိုချပြီး ငြိမ်သက်သော ညအတွက် ပြင်ဆင်နေသည်။

စစ်ကိုင်း ဧရာဝတီမြစ်၏ နေဝင်ချိန်သည် ကြည်နူးဖွယ်အလှသာမက လွန်လေပြီးသောကာလများကို သတိရစေသော လွမ်းဆွတ်ဖွယ်အချိန်လည်း ဖြစ်သည်။ ဤမြစ်ကမ်းဘေးတွင် မည်မျှသော ရာစုနှစ်များ၊ မည်မျှသော ပုံပြင်များ၊ မည်မျှသော ရွှေရောင်နေဝင်ဆည်းဆာများ ဖြတ်သန်းခဲ့ပြီးပါလိမ့်။ ဒဏ္ဍာရီထဲက နဂါးများ စောင့်ကြည့်နေသေးသလား၊ သမိုင်းထဲက ဘုရင်များ နားထောင်နေသေးသလားဟု တွေးမိသည်။

ဤအချိန်ကား ဧရာဝတီမြစ်၏ ခံ့ညားငြိမ့်‌မှု၊ ဧရာဝတီ၏ သက်တန့်ရောင်ပြန်များ လွမ်းဆွတ်ဖွယ် နေဝင်ချိန်၏ နူးညံ့သိမ်မွေ့မှုတို့ ပေါင်းစပ်ထားသော ပုံရိပ်တစ်ခုဖြစ်သည်။ ထာဝရဧရာဝတီသည် သူ၏အလှကို နေ့စဉ်ပြသလျက်ရှိသော်လည်း နေဝင်ဆည်းဆာတိုင်းတွင် ထူးခြားသော လွမ်းမောဖွယ် သီချင်းသစ်တစ်ပုဒ်ကို ဖန်တီးနေဆဲပင်။


The photo below is the contestant photo for this week's Around The World Challenge #35/6.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #35/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe

4 JANUARY 2026 WSUNDAY

Sort:  


This post has been shared on Reddit by @yale95reyra through the HivePosh initiative.

Sending great vibes and Ecency votes your way.