My Entry For Reflection Hunters Contest Round 224

in Shadow Huntersyesterday (edited)

Hello everyone. Have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


My hometown is Sagaing, which is located on the banks of the Irrawaddy River. Since my childhood, the Irrawaddy River has been a huge swimming pool for us. Whenever we have a problem with drinking water in the summer, we always rely on the water of the Irrawaddy River. So I often go to the banks of the Irrawaddy River. The scenic beauty of the Irrawaddy River is also an incomparable beauty for us. In all three seasons of Myanmar, summer, rain, and winter, the Irrawaddy River is always crowded. In the morning, afternoon, and evening, it is crowded with people exercising for health and relaxing. It is especially crowded in the morning and evening. I often visit the Irrawaddy River and always take photos. This week, I am sharing the contest photo with the beauty of the Irrawaddy River at dusk.







ကျွန်‌တော်နေထိုင်ရာ စစ်ကိုင်းမြို့က ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိပါတယ်။ ငယ်စဉ်ကလေးဘဝကစပြီး ဧရာဝတီမြစ်က ကျွန်တော်တို့အတွက် ကြီးမားကျယ်ပြန့်တဲ့ ရေကူးကန်ကြီးဆိုရင်လည်း မမှားဘူး။ နွေရာသီမှာ သောက်သုံးရေအခက်အခဲဖြစ်တိုင်းလည်း ဧရာဝတီမြစ်ရေကို အားကိုးကြရစမြဲပဲဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်က ဧရာဝတီမြစ်ကမ်းဘေးကို မကြာခဏ သွားရောက်တတ်ပါတယ်။ ဧရာဝတီမြစ်ရဲ့ ရှုခင်းအလှတွေကလည်း ကျွန်တော်တို့အတွက် မရိုးနိုင်တဲ့အလှတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နွေ မိုး ဆောင်း ရာသီဥတု ၃ မျိုးလုံး ဧရာဝတီမြစ်ကမ်းမှာ လူစည်ကားတတ်မြဲဖြစ်ပါတယ်။ နံနက်ခင်း နေ့လည် ညနေ အချိန်တိုင်းနီးပါး ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်သူတွေ အပန်းဖြေတဲ့သူတွေနဲ့ စည်ကားနေတတ်ပါတယ်။ အထူးသဖြင့် နံနက်ခင်း နဲ့ ညနေအချိန်တွေမှာ လူစည်ကားနေတတ်ပါတယ်။ မကြာခဏ ဧရာဝတီမြစ်ကမ်းကို လာရောက်တဲ့ ကျွန်တော်က ‌ဓာတ်ပုံအမြဲရိုက်ယူတတ်ပါတယ်။ အခုတပတ်အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံကိုလည်း ညနေဆည်းဆာအချိန် ဧရာဝတီမြစ်ရဲ့အလှနဲ့အတူ မျှဝေလိုက်ပါတယ်။


The photo below is my entry photo for this week's Reflection Huners Contest Round 224.

Reflection Huter Contest Round 224 အတွက် ကျွန်တော်ရဲ့ပြိုင်ပွဲဝင် ဓာတ်ပုံကို အောက်မှာ ဖော်ပြထားပါတယ်။




With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe

18 JUN 2025_TUESDAY


Sort: