Hello everyone. Have a nice day.
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
I'm struggling to write. The weather is also boring because I don't know if it will rain or be windy. I can hear the sounds of heavy trucks constantly. The sounds of houses being demolished after the earthquake are still noisy. The sounds of trucks carrying away the demolished materials are also noisy. It's no wonder I don't feel like writing. The photos of the contestants are also taken from a sitting position. It's not easy to go anywhere at this time. So it's not easy to take photos outside.
စာရေးဖို့ အားယူနေရတယ်။ ရာသီဥတုကလည်း မိုးရွာမှာလား လေတိုက်မှာလား မသိတဲ့အခြေအနေဆိုတော့ ပျင်းစရာကောင်းတယ်။ မြေသယ်ကားကြီးတွေရဲ့ အသံတွေကလည်း အဆက်မပြတ်ကြားနေရတယ်။ ငလျင်ကြီးလှုပ်လို့ ပျက်စီးနေတဲ့ တိုက်အိမ်တွေကို ဖြိုဖျက်တဲ့အသံတွေကလည်း ဆူညံနေတုံးပဲ။ ဖြိုချလိုက်တဲ့ ပစ္စည်းတွေကို သယ်ယူရှင်းလင်းနေတဲ့ ထော်လာဂျီသံတွေကလည်း ဆူညံနေတယ်။ စာရေးဖို့ စိတ်မပါတာ မဆန်းဘူးလေ။ အခုပြိုင်ပွဲဝင်ဓာတ်ပုံကိုလည်း ထိုင်နေရာကနေ ရိုက်ယူထားတာဖြစ်တယ်။ ဘယ်နေရာကိုမှ သွားလာလို့အဆင်မပြေတဲ့ကာလဖြစ်တယ်။ ဒီတော့အပြင်ကဓာတ်ပုံကိုရိုက်ယူနိုင်ဖို့ အဆင်မပြေဘူး။
The photo below is my entry photo for this week's Reflection Huners Contest Round 223.
Reflection Huter Contest Round 223 အတွက် ကျွန်တော်ရဲ့ပြိုင်ပွဲဝင် ဓာတ်ပုံကို အောက်မှာ ဖော်ပြထားပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -