My Entry For Reflection Hunters Contest Round 217

in Shadow Hunterslast month

Hello everyone. Have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


Among the beautiful reflection photos, is there an ugly photo? Seeing the old Sagaing Bridge (Inwa Bridge) broken by the powerful earthquake is ugly for the people living in Sagaing City. You can see the Yadanarbon Bridge along with the Sagaing Bridge (Inwa Bridge). Most of the water supply pipes were broken due to the earthquake and the electricity was also cut off, so people bathe in the Irrawaddy River. The Yadanarbon Bridge has only minor damage, so people can pass through. Large trucks are not allowed to pass through. After bathing, I took a photo of the Yadanarbon Bridge reflecting on the Irrawaddy River because it was lit up.



လှပတဲ့ ရောင်ပြန်ဓာတ်ပုံတွေအကြားမှာ အရုပ်ဆိုးတဲ့ ဓာတ်ပုံဖြစ်နေမလား။ အင်အားပြင်းငလျင်ကြောင့် ကျိုးနေတဲ့ စစ်ကိုင်းတံတား(အင်းဝတံတား)အဟောင်းကို မြင်ရတာ စစ်ကိုင်းမြို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေအတွက်ကတော့ အရုပ်ဆိုးနေပါတယ်။ စစ်ကိုင်းတံတား(အင်းဝတံတား) နဲ့ အတူ ရတနာပုံတံတားပုံကို မြင်ရမှာဖြစ်ပါတယ်။ ငလျင်ဒဏ်ကြောင့် ရေပေးဝေနေနဲ့ ပိုက်အများစုက ကျိုးပျက်ကုန်ကြသလို လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်နေတဲ့အတွက် ဧရာဝတီမြစ်ထဲမှာ ရေချိုးကြရပါတယ်။ ရတနာပုံတံတားက အပျက်အစီးအနည်းငယ်သာရှိတဲ့အတွက် ဖြတ်သန်းသွားလာခွင့်ပေးထားပါတယ်။ ကုန်တင်ကားကြီးတွေကိုတော့ ဖြတ်သန်းခွင့်မပြုပါဘူး။ ရေချိုးပြီးတော့ ရတနာပုံတံတားက မီးလင်းနေတဲ့အတွက် ဧရာဝတီမြစ်ပြင်မှာရောင်ပြန်ဟပ်နေတာကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။



The photo below is my entry photo for this week's Reflection Huners Contest Round 217.

Reflection Huter Contest Round 217 အတွက် ကျွန်တော်ရဲ့ပြိုင်ပွဲဝင် ဓာတ်ပုံကို အောက်မှာ ဖော်ပြထားပါတယ်။




With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe

3-May-2025_ SATURDAY


Sort: