My Entry For Around The World - Challenge #34/6 🌎

in Ecency19 days ago

Hello everyone, have a nice day.

Today is the last day of 2025. I wish all humanity peace and happiness from the beginning of 2026, which begins tomorrow, until many years to come.


အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဒီနေ့က ၂၀၂၅ ခုနှစ်ရဲ့ နောက်ဆုံးရက်ဖြစ်ပါတယ်။ လူသားအားလုံး မနက်ဖြန်မှာ စတင်မယ့် ၂၀၂၆ ခုနှစ်ရဲ့ နှစ်အစမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အေးချမ်း ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။



It’s a cold winter morning in Myanmar. It’s been a few years since we’ve experienced a cold winter. This year, we’ve experienced a cold winter. Although the sun hasn’t risen yet, the sounds of birds searching for food are still echoing around us. I can see pigeons feeding in the alley to the south of my house. I feel a sense of peace as I watch the pigeons feeding. Human life is always full of worries, isn’t it? In Myanmar, we have daily worries due to political unrest and armed groups. When the political situation is not good, the economy and society are not good either. In a life full of worries, worries seem to increase. Humans, who are said to be highly intelligent, are always worried, while animals, such as pigeons, who are said to be less intelligent, are peaceful. Why are there so many? Watching the pigeons peacefully feed makes me feel happy and peaceful. I also want to be peaceful and happy like the pigeons. I pray that all people in the world may be peaceful and happy.






မြန်မာနိုင်ငံရဲ့ အေးမြတဲ့ဆောင်းရာသီနံနက်ခင်းတစ်ခုဖြစ်ပါတယ်။ အေးမြတဲ့ဆောင်းရာသီကို မကြုံတွေ့ရတာ နှစ်အနည်းငယ်ကြာမြင့်ခဲ့ပါပြီ။ ယခုနှစ်မှာတော့ အေးမြတဲ့ဆောင်းရာသီကိုခံစားမိတယ်။ နံနက်ခင်း နေမထွက်သေးပေမယ့် အစာရှာထွက်ကြတဲ့ ငှက်တွေရဲ့အသံက ပတ်ဝန်းကျင်မှာ ဆူညံနေပါတယ်။ ကျွန်တော်အိမ်ရဲ့တောင်ဖက် လမ်းကြားထဲမှာလည်း အစာစားနေကြတဲ့ ခိုငှက်တွေကိုမြင်ရတယ်။ အစာစားနေကြတဲ့ ခိုငှက်တွေကိုကြည့်ရင်း ခဏလောက်တော့ အေးချမ်းသွားသလိုခံစားလိုက်ရတယ်။ လူ့ဘဝဆိုတာက အမြဲတမ်းလိုလို ပူပန်စိုးရိမ်နေကြရတယ်မဟုတ်လား? ကျွန်တော်တို့မြန်မာနိုင်ငံမှာက နိုင်ငံရေးမပြေလည်မှုတွေ‌နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် နေ့စဉ်ပူပန်မှုတွေရှိနေတယ်။ နိုင်ငံရေးအဆင်မပြေတော့ စီးပွားရေး လူမှုရေးတွေကလည်း အဆင်မပြေကြတော့ဘူး။ စိုးရိမ်ပူပန်မှုတွေများတဲ့ လူ့ဘဝမှာ ပူပန်မှုတွေက ထပ်မံများပြားနေသလိုပဲ။ အသိဉာဏ်ပညာ မြင့်မားတယ်လို့ပြောကြတဲ့ လူသားတွေက အမြဲလိုလိုပူပန်နေကြရပြီး အသိဉာဏ်ပညာ နိမ့်ကျတယ်ဆိုတဲ့ တိရစ္ဆာန် ခိုငှက်တွေက အေးချမ်းမှုတွေကိုပိုက်ဆိုင်ထားကြတယ်။ ဘာ့ကြောင့်များပါလဲ? ခိုငှက်တွေ အေးချမ်းစွာ အစာစားနေကြတာကိုကြည့်ရင်းနဲ့ ပျော်ရွှင်မှုနဲ့ အေးချမ်းမှုအချို့ ထံစားရတယ်။ ကျွန်တော်လည်း ခိုငှက်တွေလို အေးချမ်း ပျော်ရွှင်ချင်ပါတယ်။ ကမ္ဘာ့လူသားအားလုံးကိုလည်း အေးချမ်း ပျော်ရွှင်ကြပါစေလို့ ဆုတောင်းနေမိတယ်။


The photo below is the contestant photo for this week's Around The World Challenge #34/6.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #34/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe

31 DECEMBER 2025 WEDNESDAY